အရုဏ်တက်ရင် ရောင်နီလာစမြဲပါနော်..
ခုအရုဏ်တက်ပီ ရောင်နီလာတော့မှာပါ…..
အားတင်းထားကြပါနော်…
အမေစု ပြောသလို အမှန်တရားကို လုပ်ဆောင်ရတဲ့အခါ အမှားကို လုပ်တာထက် ခက်ခဲပါတယ်တဲ့၊ ဒါပေမဲ့လည်း အမှန်တရားကို ဆက်လက်လုပ်ဆောင်ရမယ်တဲ့..သဘောပေါက်မိသလိုလေး ရေးပြတာပါ….
အဆိုးထဲက အကောင်းက တောင်တန်း၊ ပြည်မ တစ်သားတည်း စည်းလုံးသွားကြပါတယ်..
ဒါကို အားအဖြစ်ယူပီး စစ်အာဏာရှင် အမြစ်ပါတစ်ခါတည်း ပြတ်အောင်တော်လှန် ချေမုန်းကြပါစို့ နော်💪
တစ်ခု ပြောချင်တာက ကျွန်မတို့ ကလေးတွေG Z ကတွေ အရမ်းတော် အရမ်းသတ္တိရှိ အရမ်းအားကိုးရတဲ့ နိုင်ငံ့ အနာဂါတ်ဆိုတာ ပီပီပြင်ပြင်မြင်ရတာပါပဲ…မှင်သတ်လေးစား ဂုဏ်ယူမိပါတယ်….
အရေးတော်ပုံ အောင်ရမည်…