ကျွန်မတို့အားလုံး နှလုံးသားရှိတဲ့ လူသားတွေဖြစ်တဲ့အတွက် စိတ်ညစ်တဲ့အခါရှိတယ်။တွေဝေတဲ့အခါ ရှိတယ်။ တစ်စုံတစ်ခုအပေါ် စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့တဲ့စိတ်တွေရှိပါတယ်။
အခု Internet ဆက်သွယ်မှုတွေပါ ပြတ်ကတောက်ကုန်တော့ စိတ်ဓာတ်ကျကုန်ပါတယ်။ တချို့က ဘာဆက်လုပ်ရမှန်းမသိအောင် လမ်းစပျောက်ကုန်ကြပါတယ်။
ဒါပေမယ့် အားမလျော့ကြပါနဲ့။ လုပ်နိုင်တာ လုပ်သင့်တာအားလုံးဆက်လုပ်ကြရအောင်။ အဆက်အသွယ်ခက်ခဲနေကြလည်း ဦးတည်လျှောက်လှမ်းနေတဲ့လမ်းချင်းအတူတူပဲမို့ ကျွန်မတို့ Federal ပြည်ထောင်စုပန်းတိုင်မှာ အားလုံးဆုံကြမယ်။
အရေးတော်ပုံအောင်ရမည်။