Love LETTERS FROM SPRING

နွေဦးစာစဥ်

Header photo credit to SHIN CAPTURES on facebook! —————- The revolution must prevail! —————- အရေးတော်ပုံအောင်ရမည် —————- #WhatsHappeningInMyanmar —————- #MilkTeaAlliance —————- March 27th Revolution Day!

THE DIGITAL LENNON WALL

We all want to change the world.

Thank you for being patient with the website! Too many submissions will cause it to crash sometimes. We are working on fixing the problem.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ ) ဆိုတာဘာလဲ

The Lennon Wall [from Wikipedia] (or John Lennon Wall) is a wall in Prague, Czechia that has been filled with Lennon inspired graffiti, Beatles lyrics, and messages relating to local and global causes. The wall had always had its fair share of love poems and messages against the Czech regime since the 1960s. The first decoration on the wall connected to John Lennon arrived in the 1980s, following the assassination of the internationally beloved artist.

 The Lennon Wall in Hong Kong during the 2014 democracy protests

During the 2014 

democracy protests in  Hong Kong, a similar Lennon Wall appeared along the staircase outside of the Hong Kong Central Government Offices.  Inspired by the original in Prague, many thousands of people posted colorful post-it notes expressing democratic wishes for Hong Kong.

Five years later, during the 2019–20 Hong Kong protests, the same wall was again created, with new post-it notes. Within days, dozens of post-it-note Lennon Walls had “blossomed everywhere” (遍地開花) throughout Hong Kong. There are even some Lennon Walls located inside government offices. Over the course of the protests, as many as over 150 lennon walls popped up throughout the region.

Lennon Walls have also appeared outside of Hong Kong in the cities of: Toronto, Vancouver BC, Calgary, Seoul, Tokyo, Berlin, London, Sydney, Manchester, Melbourne, Taipei, and Auckland.

Since the beginning of the 2021 Myanmar Protests, many ‘mini’ lennon walls have been spotted across cities such as Yangon and Mandalay, with people leaving notes in support and in protest against the junta.

This project aims to serve as a ‘digital lennon wall’, a website where people can leave messages in support of the cause in the form of little digital sticky notes. 

လန်နွန်နံရံ [ဝီကီပီးဒီးယား မှ] (သိုမဟုတ် ဂျွန်လန်နွန်နံရံ) သည် လန်နွန် အားဂုဏ်ပြသည့်အနေဖြင့် Graffitiများခြင်း၊ Beatles သီချင်းစာသားများနှင့် တိုင်းပြည်ရေးနှင့် ကမ္ဘာ့အရေးဆိုင်ရာ အကြောင်းတရားများနှင့် သက်ဆိုင်သောမက်ဆေ့ခ်ျများနှင့်ပြည့်နှက်နေသော ပရာ့ဂ်မြိုရှိ နံရံတစ်ခုဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှ စ၍ ချက်ခ်ျအစိုးရအားဆန့်ကျင်သော ချစ်ခြင်းအထိမ်းအမှတ်ကဗျာများနှင့် စာသားများထိုနံရံပေါ်၌ ပြည့်နှက်နေခဲ့ပါသည်။ နံရံပေါ်၌ရှိသော အဦးဆုံးအပြင်အဆင်မှာ နိုင်ငံတကာချစ်မြတ်နိုးသောအနုပညာရှင် ဂျွန်လန်နွန် လုပ်ကြံခံရပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။

၂၀၁၄၌ ဟောင်ကောင်ရှိ ဒီမိုခရေစီဆန္ဒပြလှုပ်ရှားမှုတွင် အလားတူနံရံတစ်ခု ဟောင်ကောင်ဗဟိုရုံးချုပ်ရှိ လှေကားနားတွင်ပေါ်ပေါက်ခဲ့ပါတယ်။ ပရာ့ဂ်မြိုရှိနံရံအား မှီညမ်း၍ ထောင်ချီသောလူများသည် ကပ်ခွါစာရွက်များ အသုံးပြု၍ ဟောင်ကောင်၏ ဒီမိုခရေစီအနာဂတ်အတွက် ဆုတောင်းစာများရေးကြပါသည်။

ငါးနှစ်အကြာတွင် 2019-20 ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း ကပ်ခွါစာရွက်များနှင့်အတူ အသစ်သစ်များဖြစ်သောမှတ်စုများနှင့် ထပ်တူနံရံကိုထပ်မံဖန်တီးခဲ့သည်။ ရက်အနည်းငယ်အတွင်း Lennon Walls များစွာသည် post-it-note ဟုခေါ်သောဟောင်ကောင်တစ်လျှောက်နေရာအနှံတွင် (遍地開花) ပန်းများကဲ့သိုဆက်ဆက်၍ ဆင့်ကဲဆင့်ကဲပွါး၍ ပွင့်ခဲ့ပါသည်။ Lennon Walls အချိုသည်အစိုးရရုံးများ၌ပင်တည်ရှိသည်။ ဆန္ဒပြပွဲများတလျှောက်ဒေသအတွင်းတစ်ခွင် နံရံပေါင်း ၁၅၀ ကျော်ကျောပေါ်ပေါက်လာပါသည်။

Lennon Walls သည်ဟောင်ကောင်အပြင်ဘက်တွင်တိုရွန်တို၊ ဗန်ကူးဗား၊ Calgary၊ ဆိုးလ်၊ တိုကျို၊ ဘာလင်၊ လန်ဒန်၊ ဆစ်ဒနီ၊ မန်ချက်စတာ၊
မဲလ်ဘုန်း ၊ တိုင်ပေ နှင့် အက်လမ်း တိုတွင် ပြန့်ပွါးခဲ့ပါသည်။

၂၀၂၁ မြန်မာပြည်ဆန္ဒပြပွဲများအစမှာ ရန်ကုန်နှင့်မန္တလေးကဲ့သိုသောမြိုများတွင် အလားတူ ‘အသေးစား’ နံရံများအများအပြားပြန့်နှံခဲ့ပါသည်။

ဒီပရောဂျက်သည် ဒစ်ဂျစ်တဲလ်လန်နွန်နံရံအဖြစ်တည်ရှိရန် ရည်ရွယ်ထားပြီး မည်သူမဆိုသူတိုပြောခြင်သည့် စကားများအား ဒစ်ဂျစ်တဲလ်စာတိုများဖြင့် ဝက်ဘ်စိုက်ပေါ်၌တင်နိုင်ပါသည်။

Leave a note!

Please complete the required fields.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ )

 ဆိုတာဘာလဲ

Visual Portfolio, Posts & Image Gallery for WordPress
Author Eric Jones By Eric Jones
Date 2 months ago
Hello, my name’s Eric and I just ran across your website at lovelettersfromspring.com… I found it after a quick search, so your SEO’s working out… Content looks pretty good… One thing’s missing though… A QUICK, EASY way to connect with you NOW. Because studies show that a web lead like me will only hang out a few seconds – 7 out of 10 disappear almost instantly, Surf Surf Surf… then gone forever. I have the solution: Talk With Web Visitor is a software widget that’s works on your site, ready to capture any visitor’s Name, Email address and Phone Number. You’ll know immediately they’re interested and you can call them directly to TALK with them – literally while they’re still on the web looking at your site. CLICK HERE http://talkwithcustomer.com to try out a Live Demo with Talk With Web Visitor now to see exactly how it works and even give it a try… it could be huge for your business. Plus, now that you’ve got that phone number, with our new SMS Text With Lead feature, you can automatically start a text (SMS) conversation pronto… which is so powerful, because connecting with someone within the first 5 minutes is 100 times more effective than waiting 30 minutes or more later. The new text messaging feature lets you follow up regularly with new offers, content links, even just follow up notes to build a relationship. Everything I’ve just described is extremely simple to implement, cost-effective, and profitable. CLICK HERE http://talkwithcustomer.com to discover what Talk With Web Visitor can do for your business, potentially converting up to 100X more eyeballs into leads today! Eric PS: Talk With Web Visitor offers a FREE 14 days trial – and it even includes International Long Distance Calling. You have customers waiting to talk with you right now… don’t keep them waiting. CLICK HERE http://talkwithcustomer.com to try Talk With Web Visitor now. If you’d like to unsubscribe click here http://talkwithcustomer.com/unsubscribe.aspx?d=lovelettersfromspring.com
Author Ricaxvx By Ricaxvx
Date 4 months ago
Eight months have passed. I want you guys to know that there’s people abroad caring about you and doing all their best to share news about Myanmar. We are with you, never feel alone. Let’s meet again soon when Myanmar is a free country again and let’s make a huge party bigger than Thingyan ❤ i love you all, From Finland
Author Jordan By Jordan
Date 9 months ago
တော်လှန်ရေးကြီးပြီးရင် covid 19ကဆက်ရှိနေမလား? ဒီတိုင်းဘဲရှိနေမလားပိုပြီးကြီးထွားလာမလား? တရုတ်နဲ့ပတ်သက်တာ‌ေတွကို boycottလုပ်‌ေပမဲ့ တရုတ်မလေးကို‌ေတာ့ဆက်ချစ်ပေမှာပါ ❤️❤️❤️
Author Molly By Molly
Date 9 months ago
Stay Strong 🌸 Till we still stand strong together , nothing can stop our victory soon.
Author ReaperX By ReaperX
Date 10 months ago
မာရ်နတ်ဟာ သိပ်ဆိုးတယ်။ မြူးရမဲ့နွေဦးဟာ ရူးခဲ့ရပြီ အချစ်ရေ။
Author Thet By Thet
Date 10 months ago
နွေ ရွက်ဟောင်းလဲမချန် ရွက်သစ်လဲမချန် ကြွေအားကောင်းတဲ့နွေ…. ချွေအားကောင်းတဲ့နွေ….. ရင်တွင်းအပူနဲ့ သောကမီးတွေဝေရတဲ့နွေ…. စိတ်တို့မချင့်မရဲ ငိုခဲ့ရတဲ့နွေ….. ဒီနွေက အရင်ကထက်ပိုပူတယ်….
Author Jordan By Jordan
Date 10 months ago
ဒီနှစ်နွေဦးက မေ့နိင်မယ်မထင်ဘူး၊ ယုံကြည်သူနစ်ယောက်ရဲ့ လိမ်ညာချင်းခံရပြီး လောကကြီးကလည်းလိမ်ညာနေတဲ့သူကို ခုထိနေရာပေးထားတယ်၊ နွေဦးကပူလောင်မှုတွေကြီးမြန်ဆုံးပြီးဆုံးပြီး အေးချမ်းမှုတွေယူဆောင်လာပေးပါ။ အားလုံးလည်းဂရုစိုက်ကြပါ။
Author Nabi Nara By Nabi Nara
Date 10 months ago
Dear, Myanmar I visited the most kindest nation in the world 7 years ago. Can’t believe this hardship happens now! Wish you all best and freedom, democraty!
Author Htoo Htoo By Htoo Htoo
Date 10 months ago
ကျွန်မတို့အားလုံး နှလုံးသားရှိတဲ့ လူသားတွေဖြစ်တဲ့အတွက် စိတ်ညစ်တဲ့အခါရှိတယ်။တွေဝေတဲ့အခါ ရှိတယ်။ တစ်စုံတစ်ခုအပေါ် စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့တဲ့စိတ်တွေရှိပါတယ်။ အခု Internet ဆက်သွယ်မှုတွေပါ ပြတ်ကတောက်ကုန်တော့ စိတ်ဓာတ်ကျကုန်ပါတယ်။ တချို့က ဘာဆက်လုပ်ရမှန်းမသိအောင် လမ်းစပျောက်ကုန်ကြပါတယ်။ ဒါပေမယ့် အားမလျော့ကြပါနဲ့။ လုပ်နိုင်တာ လုပ်သင့်တာအားလုံးဆက်လုပ်ကြရအောင်။ အဆက်အသွယ်ခက်ခဲနေကြလည်း ဦးတည်လျှောက်လှမ်းနေတဲ့လမ်းချင်းအတူတူပဲမို့ ကျွန်မတို့ Federal ပြည်ထောင်စုပန်းတိုင်မှာ အားလုံးဆုံကြမယ်။ အရေးတော်ပုံအောင်ရမည်။
Author Shoon Le Yee By Shoon Le Yee
Date 10 months ago
အရုဏ်တက်ရင် ရောင်နီလာစမြဲပါနော်.. ခုအရုဏ်တက်ပီ ရောင်နီလာတော့မှာပါ….. အားတင်းထားကြပါနော်… အမေစု ပြောသလို အမှန်တရားကို လုပ်ဆောင်ရတဲ့အခါ အမှားကို လုပ်တာထက် ခက်ခဲပါတယ်တဲ့၊ ဒါပေမဲ့လည်း အမှန်တရားကို ဆက်လက်လုပ်ဆောင်ရမယ်တဲ့..သဘောပေါက်မိသလိုလေး ရေးပြတာပါ…. အဆိုးထဲက အကောင်းက တောင်တန်း၊ ပြည်မ တစ်သားတည်း စည်းလုံးသွားကြပါတယ်.. ဒါကို အားအဖြစ်ယူပီး စစ်အာဏာရှင် အမြစ်ပါတစ်ခါတည်း ပြတ်အောင်တော်လှန် ချေမုန်းကြပါစို့ နော်💪 တစ်ခု ပြောချင်တာက ကျွန်မတို့ ကလေးတွေG Z ကတွေ အရမ်းတော် အရမ်းသတ္တိရှိ အရမ်းအားကိုးရတဲ့ နိုင်ငံ့ အနာဂါတ်ဆိုတာ ပီပီပြင်ပြင်မြင်ရတာပါပဲ…မှင်သတ်လေးစား ဂုဏ်ယူမိပါတယ်…. အရေးတော်ပုံ အောင်ရမည်…
Date 10 months ago
လူဘဝမှာ ရောက်တဲ့နေရာ ရှိတဲ့အရာတွေနဲ့ ကိုယ်တွက်နောင်လာနောင်သားတွေတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ပတ်ဝန်းကျင်ပိုင်ဆိုင်ဖို့ ဒီမိုကရေစီတိုက်ပွဲဝင်ကြစို့ “အရေးတော်ပုံအောင်ရမည်”
Author Ko Nyi By Ko Nyi
Date 10 months ago
ဓမ္မက အဓမ္မကို မုချနိုင်ရမယ်၊ သွားလေသူ အာဇာနည်များရဲ့ ကျန်ရစ်သူများကိုလည်း မမေ့မလျော့ ကူညီထောက်ပံ့ပါမယ်၊ တိုင်းရင်းသားများကိုလည်း ပိုမိုနားလည်ပြီး ဖေးမပါ့မယ်၊ တတ်နိုင်သမျှ ပြည်တွင်းဖြစ်ပဲ သံုးပြီး၊ တရုတ်ပစ္စည်းများနေရာမှာ အစားထိုးပါမယ်။
Author Su Su By Su Su
Date 10 months ago
Drama ရုပ်ရှင်တကားမှာဇာတ်သိမ်းခါနီးလေ လူယုတ်မာတွေဟာအစွမ်းကုန်ယုတ်မာလေ ။နောက်ဆုံးတော့တရားမ‌ျှတချင်းကအနိုင်ရစမြဲပဲလေ။ကျွန်မတို့အောင်ပွဲအရမ်းနီးနေပါပီ။Stay safe all❤️
Author Cathy By Cathy
Date 10 months ago
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အရုဏ်ဦးအချိန်ကစလို့ စိတ်ဒေါသတွေဖြစ်ခဲ့ရတာ ဒီနေ့ထိ အဆင်ပြေမနေသေးပါဘူး။ အမှောင်လွှမ်းတဲ့နေ့တွေရဲ့ ဆိုးကျိုးကို အေးချမ်းတဲ့ရောင်ခြည်ရတဲ့အခါ နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်း ပြောပြနေဦးမှာပါ။ ၂.၄.၂၀၂၁
Author Tint By Tint
Date 10 months ago
ပင်ပန်းနေကြပြီလား အားမလျှော့လိုက်ပါနဲ့နော် သမိုင်းတွင်မဲ့ တော်လှန်ရေးကြီး ရဲ့ အောင်မြင်မှု အသီးအပွင့်တွေ ဝေဆာလာတော့မှာပါ နွေဦးရဲ့ ပန်းလေးတွေနဲ့ အတူ ကြိုဆိုကြလိုက်ကြရအောင်
Author Myo Myo By Myo Myo
Date 10 months ago
အမှန်တရားကို လိုလားတဲ့သူတွေအတွက် ရောင်နီလာတဲ့နေ့သစ်ဆိုတာ သေချာပေါက်ရောက်လာမှာပါ။ အားတင်းထားရအောင်နော်။
Author Kaung By Kaung
Date 10 months ago
ဒီနွေဦးဟာ ဒို့တွေပြည်သူ(အထူးသဖြင့် ကိုယ်တွေ Gen Z) တွေကို နိုင်ငံရေး စိတ်ဝင်စားအောင် ဆွဲခေါ်နိုင်ခဲ့တယ်။ ဒါဟာ ဒီနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အဆိုးတွေထဲက အကောင်းမွန်ဆုံးတစ်ခု။ ဒီတော်လှန်ရေးကြီးပြီးရင် ရရှိလာမယ့် လွတ်လပ်မှုတွေကို ပိုပြီးတန်ဖိုးထားတတ်လာကြမယ်။ ပိုပြီး ကြိုးစားလာကြမယ်။ ဒီနိုင်ငံအတွက်တင် မဟုတ်ဘဲ လူသားမျိုးနွယ်နဲ့ သက်ရှိတွေ ပိုမိုကောင်းမွန်ဖို့အတွက် နည်းလမ်းသစ်တွေ ရှာဖွေလာကြမယ်။ ဒီနေ့ ဒီတော်လှန်ရေးကြီးထဲမှာ အဘက်ဘက်မှ ပါဝင်နေကြတဲ့ အဆင့်အတန်းမျိုးစုံမှ ပြည်သူတွေရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုရင်း ဒီတော်လှန်ရေးကြီးအလွန် Federal ပြည်ထောင်စုကြီးကို မှန်းဆ စိတ်အားထက်သန်ကြပြီး အောင်မြင်စွာ အာဏာရှင်တွေကို ချေမှုန်းနိုင်ကြပါစေ။
Author Kaung By Kaung
Date 10 months ago
ဒီနွေဦးဟာ ဒို့တွေပြည်သူ(အထူးသဖြင့် ကိုယ်တွေ Gen Z) တွေကို နိုင်ငံရေး စိတ်ဝင်စားအောင် ဆွဲခေါ်နိုင်ခဲ့တယ်။ ဒါဟာ ဒီနိုင်ငံအတွက် အဖ
Author Mia By Mia
Date 10 months ago
ဒီနွေဦးက ရူးမလိုပဲ💔 နွေဦးလည်းအားတင်းထား အကိုအမလည်း အားတင်းထား မောင်ညီမတို့လည်း အားတင်းထား ဦးဦးဒေါ်ဒေါ်တို့ရော ပင်ပန်းနေပြီလား တို့တွေအားလုံးမှာလည်း ချမ်းသာတာဆိုလို့ ဒီအားတွေပဲရှိတာမို့လား ဘယ်လို ပါဝင်ပါဝင် ဒီနွေဦးကမင်းကိုကျေးဇူးတင်မှာပါ။ နွေဦးလေး လှပလာနိုင်အောင် တို့တွေအားတင်းထားကြမယ်။ အကြမ်းဖက် လူသတ် သေချင်းဆိုးတွေ အမြန်ဆုံး နစ်မြှပ် ပျောက်ကွယ်ပါစေသား 🙏
Author Sweven By Sweven
Date 10 months ago
ခက်ခဲတဲ့အရာဖြစ်ပေမယ့်လို့အားလုံးပေးဆပ်ရတာတွေအတွက်ထိုက်တန်ခြင်းရှိမှာပါ။ အားတင်းထားပါ…. မနက်ဖြန်အတွက်ရောင်နီဆိုတာအရင်တွေတုန်းကလိုရွှေရည်စိမ်ဒီမိုကရေစီမဟုတ်တော့တဲ့မြန်မာနိုင်ငံသူနိုင်ငံသားမှန်သမျှတောင်ပေါ်မြေပြန့်မခွဲခြားတဲ့” Federal Democracy “ပါ။
Author Yoko By Yoko
Date 10 months ago
မျှော်လင့်ချက်အပြည့်နဲ့ တောက်ပတဲ့အနာဂတ်ကို ရည်မှန်းပြီး လျှောက်နေတဲ့လမ်းတွေက မညီပေမယ့် တစ်ခုတော့ ညီပါတယ်ဗျ ကျွန်တော်တို့ နှလုံးသားတွေပေါ့ @YokodgagaagustD
Author nami By nami
Date 10 months ago
I send all my love, thoughts, warmth and hugs to everyone in Myanmar. Truly no one understands what you’re going through except you alone. You’re so so strong, and I pray everyday that everything goes back to normal as soon as possible, justice will prevail. Thinking of you all at this time 💙
Author May Barani Aung By May Barani Aung
Date 10 months ago
ဒီနှစ် နွေဦးက ရက်စက်တယ်နော် ဘာပဲဖြစ်ဖြစ် ငါတို့တွေ အတူတူ ကြိုးစားပြီး တိုက်ထုတ်ရအုန်းမယ် အားတင်းထားကြပါ ကောင်မလေးတို့/ကောင်လေးတို့ရေ ငါတို့တွေ ပင်ပန်းထားခဲ့သမျှ အားလုံး အရာထင် မှာပါနော် ဒီအရေးတော်ပုံကြီးအောင်မြင်သွားရင် ခရီးတွေသွားပြီး ချစ်ရတဲ့သူတွေနဲ့ ပျော်ပါးရအုန်းမယ် ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ အားတင်းထားကြပါနော် Fighting We Must Win❤️
Author Mo Mo By Mo Mo
Date 10 months ago
ပင်ပန်းနေကြပြီနော် ဒါပေမဲ့ ကိုယ်တွေနိုင်မှ ဒီပွဲဟာပြီးမှာ ဆုံးရှုံးလိုက်တဲ့သူတွေ အတွက် ကိုယ်ဘာမှမလုပ်ပေးနိုင်ပါလားလို့ ခံစားရပြီး ဝမ်းနည်းရပေမဲ့ အားတင်းပြီးနောက်နေ့တွေမှာ ဆက်တိုက်ကြမယ်နော်
Author May By May
Date 10 months ago
ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပိုက်ဆံလှူတာနဲ့ ပို့စ်တွေ ဖြန့်ပေးတာကလွဲလို့ အများကြီး မလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ကျဆုံးသွားသူတွေရယ်၊ကျန်ရစ်သူတွေရယ်၊ ကိုယ်တို့ အနာဂတ်တွေရယ်တွေအတွက် အားတင်းထားကြပါ။ အသက်ကို ဉာဏ်စောင့်တယ်ဆိုသလိုပဲ လမ်းပေါ်ထွက်ရင် ဝတ်စုံနဲ့ ကိရိယာ စုံပါစေ။ ပြည်သူ့အာဏာ ပြည်သူပြန်ရပါစေ။ မိမိတို့ လက်ထက်မှာ အာဏာရှင်စနစ် ကျရှုံးစေရမည်။
Date 10 months ago
အရမ်းပင်ပန်းနေတယ်ဆိုတာသိပါတယ်😍အားတင်းထားပေးပါနော်တစ်ချိန်မှာကျွန်တော်တို့လူချင်းတွေ့ပြီးဒီကာလကိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုမြန်မာပြည်အနှံ့လျှောက်လည်ရင်းစကားစမြည်ပြောကြရအောင်😍အားတင်းထားပေးပါနော်😍
Date 10 months ago
Everyone deserve to live in Peace and freedom.. Stay strong you guys will win.. RIP to those who fall.. Sending lot of love from Malaysia. Fighting!!
Author YiSOO By YiSOO
Date 10 months ago
အတာသင်္ကြန်နဲ့ ပေါင်းပြီး နွေဦးတော်လှန်ရေး အောင်ပွဲကြီး ကျင်းပချင်လှပေါ့🌻
Author Cus By Cus
Date 10 months ago
မဆုံတော့တဲ့ ထမင်းဝိုင်းတွေကိုလည်း ဝမ်းနည်းရတယ် ပြန်မလာနိုင်တော့တဲ့ သူတွေအတွက်လည်း ဝမ်းနည်းမိတယ် နွေဦးရယ် ဘာ‌ကြောင့်များ လေရူးနဲ့ပေါင်းပီးခြွေရက်နိုင်တာလည်း။
Author Thin Thin By Thin Thin
Date 10 months ago
နွေဦးတော်လှန်ရေးမှာကျဆုံးသွားရတဲ့ သူရဲကောင်းတို့ရေ အားနာ ကျေးဇူးတင်ရင်းနဲ့ လေးစားစွာ အလေးပြုပါတယ် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူပါ တစ်နေရာစီ ကနေတိုက်ပွဲဝင်ကြတဲ့ ပြည်သူတွေ အားတင်းထားကြရအောင် အချင်းချင်း ကူညီရင်း ဒီပွဲကိုနိုင်အောင်တိုက်ကြမယ် ဘယ်တော့မှလဲ အရှုံးမပေးဘူး ❤️ TTH (29-3-2021)
Author Lydia By Lydia
Date 10 months ago
Lets keep fighting Our destination is not far We cannot stop, our revolution brothers and sisters gave their lives Our destination is not far Lets support each other in mental, funding, prayers, and other that we can do. Federal Democracy must prevail Justice must prevail.
Author Wyne By Wyne
Date 10 months ago
မုန်တိုင်းပြီးရင် လေပြည်လာတော့မှာ ရောင်နီသမ်းနေပြီ အားတင်းထားကြမယ်