Love LETTERS FROM SPRING

နွေဦးစာစဥ်

Header photo credit to SHIN CAPTURES on facebook! —————- The revolution must prevail! —————- အရေးတော်ပုံအောင်ရမည် —————- #WhatsHappeningInMyanmar —————- #MilkTeaAlliance —————- March 27th Revolution Day!

THE DIGITAL LENNON WALL

We all want to change the world.

Thank you for being patient with the website! Too many submissions will cause it to crash sometimes. We are working on fixing the problem.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ ) ဆိုတာဘာလဲ

The Lennon Wall [from Wikipedia] (or John Lennon Wall) is a wall in Prague, Czechia that has been filled with Lennon inspired graffiti, Beatles lyrics, and messages relating to local and global causes. The wall had always had its fair share of love poems and messages against the Czech regime since the 1960s. The first decoration on the wall connected to John Lennon arrived in the 1980s, following the assassination of the internationally beloved artist.

 The Lennon Wall in Hong Kong during the 2014 democracy protests

During the 2014 

democracy protests in  Hong Kong, a similar Lennon Wall appeared along the staircase outside of the Hong Kong Central Government Offices.  Inspired by the original in Prague, many thousands of people posted colorful post-it notes expressing democratic wishes for Hong Kong.

Five years later, during the 2019–20 Hong Kong protests, the same wall was again created, with new post-it notes. Within days, dozens of post-it-note Lennon Walls had “blossomed everywhere” (遍地開花) throughout Hong Kong. There are even some Lennon Walls located inside government offices. Over the course of the protests, as many as over 150 lennon walls popped up throughout the region.

Lennon Walls have also appeared outside of Hong Kong in the cities of: Toronto, Vancouver BC, Calgary, Seoul, Tokyo, Berlin, London, Sydney, Manchester, Melbourne, Taipei, and Auckland.

Since the beginning of the 2021 Myanmar Protests, many ‘mini’ lennon walls have been spotted across cities such as Yangon and Mandalay, with people leaving notes in support and in protest against the junta.

This project aims to serve as a ‘digital lennon wall’, a website where people can leave messages in support of the cause in the form of little digital sticky notes. 

လန်နွန်နံရံ [ဝီကီပီးဒီးယား မှ] (သိုမဟုတ် ဂျွန်လန်နွန်နံရံ) သည် လန်နွန် အားဂုဏ်ပြသည့်အနေဖြင့် Graffitiများခြင်း၊ Beatles သီချင်းစာသားများနှင့် တိုင်းပြည်ရေးနှင့် ကမ္ဘာ့အရေးဆိုင်ရာ အကြောင်းတရားများနှင့် သက်ဆိုင်သောမက်ဆေ့ခ်ျများနှင့်ပြည့်နှက်နေသော ပရာ့ဂ်မြိုရှိ နံရံတစ်ခုဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှ စ၍ ချက်ခ်ျအစိုးရအားဆန့်ကျင်သော ချစ်ခြင်းအထိမ်းအမှတ်ကဗျာများနှင့် စာသားများထိုနံရံပေါ်၌ ပြည့်နှက်နေခဲ့ပါသည်။ နံရံပေါ်၌ရှိသော အဦးဆုံးအပြင်အဆင်မှာ နိုင်ငံတကာချစ်မြတ်နိုးသောအနုပညာရှင် ဂျွန်လန်နွန် လုပ်ကြံခံရပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။

၂၀၁၄၌ ဟောင်ကောင်ရှိ ဒီမိုခရေစီဆန္ဒပြလှုပ်ရှားမှုတွင် အလားတူနံရံတစ်ခု ဟောင်ကောင်ဗဟိုရုံးချုပ်ရှိ လှေကားနားတွင်ပေါ်ပေါက်ခဲ့ပါတယ်။ ပရာ့ဂ်မြိုရှိနံရံအား မှီညမ်း၍ ထောင်ချီသောလူများသည် ကပ်ခွါစာရွက်များ အသုံးပြု၍ ဟောင်ကောင်၏ ဒီမိုခရေစီအနာဂတ်အတွက် ဆုတောင်းစာများရေးကြပါသည်။

ငါးနှစ်အကြာတွင် 2019-20 ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း ကပ်ခွါစာရွက်များနှင့်အတူ အသစ်သစ်များဖြစ်သောမှတ်စုများနှင့် ထပ်တူနံရံကိုထပ်မံဖန်တီးခဲ့သည်။ ရက်အနည်းငယ်အတွင်း Lennon Walls များစွာသည် post-it-note ဟုခေါ်သောဟောင်ကောင်တစ်လျှောက်နေရာအနှံတွင် (遍地開花) ပန်းများကဲ့သိုဆက်ဆက်၍ ဆင့်ကဲဆင့်ကဲပွါး၍ ပွင့်ခဲ့ပါသည်။ Lennon Walls အချိုသည်အစိုးရရုံးများ၌ပင်တည်ရှိသည်။ ဆန္ဒပြပွဲများတလျှောက်ဒေသအတွင်းတစ်ခွင် နံရံပေါင်း ၁၅၀ ကျော်ကျောပေါ်ပေါက်လာပါသည်။

Lennon Walls သည်ဟောင်ကောင်အပြင်ဘက်တွင်တိုရွန်တို၊ ဗန်ကူးဗား၊ Calgary၊ ဆိုးလ်၊ တိုကျို၊ ဘာလင်၊ လန်ဒန်၊ ဆစ်ဒနီ၊ မန်ချက်စတာ၊
မဲလ်ဘုန်း ၊ တိုင်ပေ နှင့် အက်လမ်း တိုတွင် ပြန့်ပွါးခဲ့ပါသည်။

၂၀၂၁ မြန်မာပြည်ဆန္ဒပြပွဲများအစမှာ ရန်ကုန်နှင့်မန္တလေးကဲ့သိုသောမြိုများတွင် အလားတူ ‘အသေးစား’ နံရံများအများအပြားပြန့်နှံခဲ့ပါသည်။

ဒီပရောဂျက်သည် ဒစ်ဂျစ်တဲလ်လန်နွန်နံရံအဖြစ်တည်ရှိရန် ရည်ရွယ်ထားပြီး မည်သူမဆိုသူတိုပြောခြင်သည့် စကားများအား ဒစ်ဂျစ်တဲလ်စာတိုများဖြင့် ဝက်ဘ်စိုက်ပေါ်၌တင်နိုင်ပါသည်။

Leave a note!

Please complete the required fields.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ )

 ဆိုတာဘာလဲ

Visual Portfolio, Posts & Image Gallery for WordPress
Author Keisawers By Keisawers
Date 7 days ago
Для этой цели вам пригодится купон на различные бонусы вулкан игровые аппараты бывает
Author Caroline By Caroline
Date 1 week ago
နွေဦးမှသည် မိုးဦးကို ကျော်ခဲ့ပြီ အခုထိ ကြံ့ကြံ့ခံပြီး တော်လှန်နေဆဲ အဆုံးသတ်က ဘယ်တော့လဲဆိုတာ မသိပေမယ့် ငါတို့ နိုင်မယ်ဆိုတာ ယုံကြည်နေပါသည်။
Author May By May
Date 2 months ago
အရေးတော်ပုံအောင်တော့မယ်။ အားတင်းထားကြပါ။ လှူတာပဲတတ်နိုင်လို့ gulity ဖြစ်ပေမယ့်။ မေတ္တာလည်းအမြဲပို့ပေးနေပါတယ်။ ဓမ္မဘက်က ရပ်တည်ကြသူများ အားလုံး ဘေးအန္တရာယ်ကင်း၀ေးကြပါစေ။
Author ei aung By ei aung
Date 4 months ago
Stay Strong, the Burmese community in New York is with you all!
Date 4 months ago
ယုံကြည်ရာကို လုပ်နေတုန်းမှာဘယ်တော့မှစိတ်ဓာတ်မကျနဲ့ gameကြီးတခုလုံးကိုခြုံမမြင်ရင်တောင်ကိုယ်လုပ်နေတာကိုနေ့တိုင်းဆက်လုပ်သွားမယ်Stay strong towards federal democracy union 💛
Date 4 months ago
စိတ်ဓာတ်မကျကြပါနဲ့။အားတင်းထားကြပါ။ အားလုံးအတူတူတိုက်ပွဲဝင်နေကြပါတယ်။ ငါတို့အားလုံးအတူတူရှိနေကြပါတယ်။ ဒီပွဲမှာ ငါတို့နိုင်ကိုနိုင်ရမယ်။💪🏻 လုံးဝအုပ်ချုပ်ခွင့်မရစေရ။✌🏻+☝🏻
Author The By The
Date 4 months ago
ဒီနွေဦးဟာ တို့အားလုံးကိုရင်နာစေခဲ့တယ်။မိသားစုတွေမစုံတော့ဘူး.. သူငယ်ချင်းတွေဆုံးရှုံးရတယ်.. အဖိုးတန်လူငယ်တွေ နိုင်ငံအဖူးအညွန့်လေးတွေ စတေးရတယ်… သူတို့အတွက်‌‌နွေဦးမှာကျတဲ့သွေးတွေဟာတော်လှန်ရေးအောင်ပွဲနဲ့ပဲဆေးကြောနိုင်မယ်။ သူတို့အတွက်ငါတို့ အားတင်းရင်း အနိုင်တိုက်မယ်။ 💪
Author Hera By Hera
Date 4 months ago
နွေဦးသူရဲကောင်းတွေကိုမှ အားမနာ depression ဝင်နေမိတဲ့ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်.. အရှုံးမပေးချင်ဘူး.. အရှုံးလည်းမပေးနိုင်ဘူး.. ရတဲ့နေရာကနေ မနိုင်မချင်းတိုက်သွားမယ်.. depression ဝင်မိတာတောင်းပန်ပါတယ်..
Author Wah Wah By Wah Wah
Date 4 months ago
အရှေ့က အသက်ရှင်းသွားတဲ့သူတွေက အရေးတော်ပုံအောင်ချင်လို့လေ ကျန်ခဲ့တဲ့ငါတို့က နိုင်အောင် မတိုက်ပေးနိုင်ရင်ဘတာဝန်မကျေဘူးလေ အဲ့ဒါမို့ အရေးတော်ပုံအောင်ကို အောင်မှရမယ် အဆုံးထိ နိုင်ပွဲထိ တိုက်ကိုတိုက် မှ ရမယ်
Author Zuzu By Zuzu
Date 4 months ago
အားလုံးပင်ပန်းနေကြပေမယ့် ဆက်ပြီးအားတင်းထားကြပါ မဝေးတော့တဲ့ အျိခန်ခဏလေးမှာ Gen Zလေးတွေ ယူလာပေးမယ့်ဒီမိုကရေစီ အနာဂတ်ကို GenAlphaလေးတွေလက်ထဲထည့်ပေးကြရအောင်။ အာဏာရှင်စစ်သူပုန်ကို အမြစ်ဖြတ်ချေမှုန်းကြရအောင်။ Gen zလေးတွေကို ကူညီပေးကြတဲ့ Gen X,Y တွေကိုလည်း ဆက်ပြီးကူဘီပေးကြပါ ကျေးဇူးလည်းတင်ရပါတယ် အရေးတော်ပုံ အောင်ရမည်
Author FartyPG By FartyPG
Date 4 months ago
ဒီ‌နွေဦးကမလှပခဲ့ပါဘူးမိတ်ဆွေ။ အားမလျော့ပါနဲ့။ အနိုင်ကမဝေးတော့ပါဘူး။ ကျဆုံးသွားတဲ့အာဇာနည်တွေအတွက်ကျန်နေတဲ့သူတွေကဆက်လက်တိုက်ပွဲဝင်ပြီးတာဝန်ကျေကြရအောင်လားဗျာ။
Author Myo By Myo
Date 4 months ago
သူရဲကောင်းတွေနေတဲ့ ငါတို့တိုင်းပြည်မှာ အစပြုလာတော့မယ့် နှစ်သစ်နှင့်အတူ နွေဦးပိတောက်တွေ လှိုင်လှိုင်ပွင့်လာတော့မှာဟာ အသေအချာပါ။
Author Nu By Nu
Date 4 months ago
အခုတလော အဆင်မပြေဘူး အာဏာရူးတွေကြောင့်စိတ်ဆင်းရဲရတာအပြင် အခြားပြဿနာတွေကြောင့်ပါ စိတ်တွေပင်ပန်းလိုက်တာ..အားလုံးလည်းပင်ပန်းနေကြတာမို့ ဘယ်သူ့မှရင်မဖွင့်တော့ပါဘူး..ပိုပင်ပန်းကုန်မယ် 😢 တော်လှန်ရေးနဲ့မဆိုင်ပေမယ့် စိတ်လေးနည်းနည်းပေါ့လိုပေါ့ငြား စာလေးနဲ့ရင်ဖွင့်ခဲ့ပါတယ် အားလုံးဘေးကင်းကြပါစေ အရေးတော်ပုံအောင်ရမည် 💪
Author Nuam No By Nuam No
Date 4 months ago
သူ့ပွင့်ချိန်တန်လျှင် မဆိုင်းမတွ အချိန်မှီ ပွင့်ဖူးမည်မှာ နွေဦးပန်းသာလျှင် ဖြစ်ပေ၏။ 🌷
Author AyeChanMyae By AyeChanMyae
Date 4 months ago
ရှေးကထက်ပင် ပိုချစ်ကြတဲ့ ပြည်သူတွေ ဘုံရန်သူကို မုန်းလို့ ရင်ဘတ်ချင်းပိုနီးလာတယ်လေ ဆိုတာ က ဒီနွေဦးမှာပါပဲလေ။ ညီညွတ်မှ စည်းလုံး၊ စည်းလုံးမှ ရင်းနှီး၊ ရင်းနှီးမှ ချစ်ခင်၊ ချစ်ခင်မှ ငြိမ်းချမ်း ဆိုတာမို့ ညီညွတ်မှုနဲ့ စခဲ့ကြတာမို့ ငြိမ်းချမ်းတဲ့ ကာလ မကြာတော့ပြီလို့……………….
Author Hlaing By Hlaing
Date 4 months ago
ကျွန်မတို့ပြည်သူ​တွေကို ချစ်လိုက်တာ ဒီမိုက​ရေစီနဲ့ အထိုက်တန်ဆုံးလူသား​တွေ ❤
Author Sawa Pudding By Sawa Pudding
Date 4 months ago
Thank you soo much to everyone fighting for Freedom & Democracy back home, I love and respect all of you. I am not there to fight beside side you but I am still fighting with you all the way from Melbourne, Australia. I see your herorism everyday on social media and know the great pain and trauma you’re all suffering. The world is a dark place but the stars don’t make it seem so dark. We are like the stars right now, shining from everywhere around the world, lighting up this dark place. And together we will bring the light to Myanmar 🌟💖
Author Ye ye By Ye ye
Date 4 months ago
ဒီနွေဦး ဟာ ခါတိုင်းထက်ပိုပူလောင်စရာတွေကိုယ်စီနဲ့ ဖြစ်နေကြမယ်ဆိုတာ သေချာပါတယ် ကိုယ်ချစ်ရတဲ့သူတွေအတွက်ပူပင်ရခြင်းတွေ တိုင်းပြည်နဲ့အနာဂတ် တွေအတွက် ကြိုးစားတွန်လှန်ကြရင်းနဲ့ ဖြတ်သန်းကြရတဲ့အချိန် စိတ်တွေ နိမ့်လိုက်မြင့်လိုက် ကျလိုက်ဖြစ်နေကြမယ်လို့ ထင်ပါတယ် ကိုယ်တိုင်လည်း ဖြစ်ပါတယ် ဇွဲ့လုံ့လဝိရယစည်းလုံးညီညွှတ်မှုတွေ မလျော့ကျပဲ စိတ်ကို အမြင့်ဆုံးမှာထားပီး motivation အပြည့် ခွန်အားအပြည့်နဲ့ တိုင်းပြည် နဲ့ကိုယ်ချစ်ရတဲ့ အတွက် တူတူကြိုးစားကြမယ်နော် We must win အားတင်းထားကြပါနော်
Author Wint By Wint
Date 4 months ago
Our days are long and tiring, our nights are full of terror and sleeplessness, but we will persist. This is a one way journey and our destination is a federal democratic country. We will fight through the darkest times together. I believe we will be able to celebrate our win sooner than later. Sending warmest hugs and prayers to everyone ❤️
Author Yuki By Yuki
Date 4 months ago
ဟိတ်သူငယ်ချင်း! စိတ်ဓာတ်ကျနေပြီလား? အားတွေလျော့နေပြီလား? ငိုချင်နေလား? မင်းငိုချလိုက်ပါ မင်းရင်ထဲကစကားတွေဘေးနားရှိတဲ့ဘယ်သူဘဲဖြစ်ဖြစ်ရင်ဖွင့်ပြစ်လိုက်နော်သူငယ်ချင်း အရုံးတော့မပေးလိုက်နဲ့ဦးနော် အရေးတော်ပုံအောင်ပြီးရင် ငါတို့တွေပျော်ရဦးမယ်ကွ အဲ့အချိန်ကျရင် မင်းရဲ့လုပ်ရပ်တစ်ခုချင်းစီတိုင်းအတွက်မင်းလိပ်ပြာလုံနေမယ်ဆိုတာ ငါယုံကြည်ပြီးသားပါကွာ
Author Fawn By Fawn
Date 4 months ago
ဟိတ် ပင်ပန်းနေကြပြီလား? ရှေ့တန်းကသူတွေရော နောက်ကနေပံ့ပိုးနေတဲ့သူတွေရော အိမ်မှာဘုရားတရားနဲ့ဆုတောင်းပေးနေတဲ့သူတွေရော အားလုံးပင်ပန်းနေကြမှာသိပေမယ့် ထပ်ပြီးအားတင်းထားကြရအောင်နော် ပိုပြီးကောင်းမွန်တဲ့အရာတွေဖြစ်ဖို့ ခုချိန်မှာပိုပြီးကြိုးစားကြရမှာပါ ဖိုက်တိုးပါနော်အားလုံးပဲ အရေးတော်ပုံပြီးသွားတဲ့နေ့မှာ အတူတူဖက်ပြီးရှေ့ဆက်လျှောက်ကြမယ်လေ 🙆🏻‍♀️
Author Grace (Pipau ) By Grace (Pipau )
Date 4 months ago
ပင်ပန်းနေကြတာသိပါတယ် 🤕 ဆက်ပြီးအားတင်းထားကြအောင် 💪 အောင်မြင်ဖို့အတွက် အဖိအထစ်တွေကိုတော့ ကျော်ဖြတ်ရစမြဲပါပဲ ✨ နောင်တစ်ချိန်ကျရင်အခုဖြစ်ပျက်သမျှသမိုင်း‌ကိုရဲ”ကြီးပြန်ပြောကြမယ် 🤍 ဖိုက်တိုး 🤍
Author Haru By Haru
Date 4 months ago
နွေဦးအစကနေ ညီခဲ့တဲ့ခြေလှမ်းတွေပါ ခုချိန်လေးတော့ ခြေလှမ်းတွေပြန်စုဖို့ အားယူနေတာမို့ . . . . အားတင်းထားပါလို့ ခြေလှမ်းတွေဟာ ဘယ်လောက်ညီကြောင်း တွဲလက်တွေဟာ ဘယ်လောက်ခိုင်ကြောင်း စိတ်ဓါတ်တွေဟာ ဘယ်လောက် မာကြောင်း ကြယ်တွေဟာ ဘယ်လောက်လင်းကြောင်း ဆိုတာ သိအောင်ပြရမှာပါ အရေးတော်ပုံ‌ အောင်ရမည် . . . .
Author Ni Ni By Ni Ni
Date 4 months ago
အရေးတော်ပုံကြီးပြီးတဲ့အခါ ကျွန်တော်ဟာ ကျွန်တော့်အတွက်ဘဲ ရှင်သန်သူမဖြစ်လိုတော့ဘူး။ အသက်ရှင်ဖို့ အင်အားဟာ နောက်မျိုးဆက်ကို ကျွန်တော့ပုခုံးနဲ့ ထမ်းပိုးပေးရမယ်ဆိုတဲ့ အသိကရတယ်။
Author Shine By Shine
Date 4 months ago
ဒီနွေဦးမှာ လေရူးဟာ ကြမ်းရှရှနဲ့ အညွတ်အဖူးလေးတွေ ခြွေခဲ့ပေမယ့် … ငါတို့ အနာဂတ်ကို အလှဆင်ဖို့ တွန့်ဆုတ်သွားမှာ မဟုတ်ဘူး…. ငါတို့ ပိုလို့စည်းလုံးကြမယ် ​ငါတို့ ပိုလို့ ညီညွတ်ကြမယ် ငါတို့ ပိုလို့ ရဲရင့်ကြမယ် ငါတို့ နိုင်ရမယ်…… ငါတို့ တစ်ယောက်ချင်းစီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အနာဂတ်တွေရှိလို့ အားမာန်အပြည့်နဲ့ ချီတက်……. တူတူလှပတဲ့ နေ့သစ်တွေဆီ …. ​
Author KMZT By KMZT
Date 4 months ago
တန်ဘိုးကြီးမားတဲ့အရာတိုင်းကို ရယူဖို့ အားအများကြီး သုံးကြရပါတယ်။ မြန်မာပြည်သူများရဲ့ နွေးဦးတော်လှန်ရေးဟာ လက်ရှိမျိုးဆက်အတွက်သာမက နောင်မျိုးဆက်အတွက်ပါ တန်ဘိုးကြီးလှပါတယ်။ ကျွန်မတို့တွေ ဇွဲမလျော့၊ အားမပျော့ပဲ စုပေါင်းအားနဲ့ ဆက်လက်ချီတက်ကြပါစို့ 💪💪💪
Author YiSOO By YiSOO
Date 4 months ago
နှစ်ပေါင်း ၆၀နီးပါး သက်တမ်းရှိသည့် “အဆိပ်ပင်ကြီး“ရဲ့ လောင်းရိပ်အောက်မှာ “မျိုးစေ့သစ်”တွေ “မြေစာပင်”အဖြစ် မရှင်သန်စေဖို့ “အဆိပ်ပင်ကြီး” တဖန် မရှင်သန်လာစေဖို့ ငါတို့သည် အမြစ်ဖျက် သုတ်သင်ရှင်းလင်းပစ်မည်။
Author Seint By Seint
Date 4 months ago
ဒီနှစ် နွေဦး မှာ ပန်းကလေးတွေ ညိှုးနွမ်းပြီး မလှပ နိုင်ပေမယ့် နောက်နှစ် နွေဦးမှာတော့ တို့ ရောင်စုံ ပန်းကလေးတွေ အလှပဆုံး ပွင့်လန်း နိုင် ကြမယ် လို့ ယုံကြည်ပါတယ် ၊အားတင်းထားကြမယ်နော် (တိုင်းရင်းသား လူမျိုး ပေါင်းစုံကို ရောင်စုံ ပန်းကလေး များနှင့် တင်စား ထားခြင်း ဖြစ်သည်)
Author Minnie By Minnie
Date 4 months ago
We all are in the state of emotionally worn out and drained during these days.But it’s okay you are not alone.We all are suffering from this crsis.But after all these sadnesses,we need to be strong,resilient and vigilant again til we achieve our demands.Triumph of good over evil is coming soon and I’m counting down the days to get back to our normal life plus democracy in the near future.
Author QQ By QQ
Date 4 months ago
အချိုမြိုဆုံး အရသာခံစားဖို့ အလှပဆုံး ပန်းလေးကိုမြင်ရဖို့ အချိန်တစ်ခုတော့ပေးဆပ်ရတာပဲလေ… ငါတို့လည်း အပျော်ရွှင် အလှပဆုံးနေ့ရက်လေးတွေရောက်ဖို့ ကိုယ့်သွေးတွေ ချွေးတွေရင်းပီး နှလုံးသားနဲ့ ကိုယ်တိုင်ကြိုးစား ထုဆစ်နေကြတာမို့ စိတ်ဓာတ်မကျဘဲ ကြိုးစားကြမယ်.. အောင်မြင်မှုအသီးအပွင့်လေးတွေကို မြိန်ရေရှက်ရေစားသောက်ရဖို့ မြေဩဇာတစ်ခုပဲလိုတာပါ.. ‘အားမလျှော့ဘူး’ ဆိုတဲ့ မြေဩဇာလေးပဲလိုတာ… ပန်တိုင်းရောက်တော့မှာမို့ Fighting 💪🏼💪🏼💪🏼
Author messages By messages
Date 4 months ago
နွေဦးမှာကြွေ လွမ်းစိတ်နဲ့မောတယ် မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေ ရင်ဘတ်ချင်းတူတဲ့သူစိမ်းတွေအတွက်မျက်ရည်ကျရတယ် ဒီနွေဦးမှာရူးတယ် ကြွေပြီးရင်တော့ အလှဆုံးဝေကြမယ်နော်
Author Yumi By Yumi
Date 4 months ago
ဒီနွေဦိးဟာ ကိုယ်တို့အတွက်အောင်ပွဲ ❤️ အောင်လံလွှင့်ထူနိုင်ဖို့ စိတ်အားမာန်ကိုတင်း စိတ်ဓာတ်ကျစေမဲ့အတွေးတွေကို ဖောက်ထုတ်ပြီး တို့တွေအတူတူဆက်တိုက်ကြရအောင်✊