Love LETTERS FROM SPRING

နွေဦးစာစဥ်

Header photo credit to SHIN CAPTURES on facebook! —————- The revolution must prevail! —————- အရေးတော်ပုံအောင်ရမည် —————- #WhatsHappeningInMyanmar —————- #MilkTeaAlliance —————- March 27th Revolution Day!

THE DIGITAL LENNON WALL

We all want to change the world.

Thank you for being patient with the website! Too many submissions will cause it to crash sometimes. We are working on fixing the problem.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ ) ဆိုတာဘာလဲ

The Lennon Wall [from Wikipedia] (or John Lennon Wall) is a wall in Prague, Czechia that has been filled with Lennon inspired graffiti, Beatles lyrics, and messages relating to local and global causes. The wall had always had its fair share of love poems and messages against the Czech regime since the 1960s. The first decoration on the wall connected to John Lennon arrived in the 1980s, following the assassination of the internationally beloved artist.

 The Lennon Wall in Hong Kong during the 2014 democracy protests

During the 2014 

democracy protests in  Hong Kong, a similar Lennon Wall appeared along the staircase outside of the Hong Kong Central Government Offices.  Inspired by the original in Prague, many thousands of people posted colorful post-it notes expressing democratic wishes for Hong Kong.

Five years later, during the 2019–20 Hong Kong protests, the same wall was again created, with new post-it notes. Within days, dozens of post-it-note Lennon Walls had “blossomed everywhere” (遍地開花) throughout Hong Kong. There are even some Lennon Walls located inside government offices. Over the course of the protests, as many as over 150 lennon walls popped up throughout the region.

Lennon Walls have also appeared outside of Hong Kong in the cities of: Toronto, Vancouver BC, Calgary, Seoul, Tokyo, Berlin, London, Sydney, Manchester, Melbourne, Taipei, and Auckland.

Since the beginning of the 2021 Myanmar Protests, many ‘mini’ lennon walls have been spotted across cities such as Yangon and Mandalay, with people leaving notes in support and in protest against the junta.

This project aims to serve as a ‘digital lennon wall’, a website where people can leave messages in support of the cause in the form of little digital sticky notes. 

လန်နွန်နံရံ [ဝီကီပီးဒီးယား မှ] (သိုမဟုတ် ဂျွန်လန်နွန်နံရံ) သည် လန်နွန် အားဂုဏ်ပြသည့်အနေဖြင့် Graffitiများခြင်း၊ Beatles သီချင်းစာသားများနှင့် တိုင်းပြည်ရေးနှင့် ကမ္ဘာ့အရေးဆိုင်ရာ အကြောင်းတရားများနှင့် သက်ဆိုင်သောမက်ဆေ့ခ်ျများနှင့်ပြည့်နှက်နေသော ပရာ့ဂ်မြိုရှိ နံရံတစ်ခုဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှ စ၍ ချက်ခ်ျအစိုးရအားဆန့်ကျင်သော ချစ်ခြင်းအထိမ်းအမှတ်ကဗျာများနှင့် စာသားများထိုနံရံပေါ်၌ ပြည့်နှက်နေခဲ့ပါသည်။ နံရံပေါ်၌ရှိသော အဦးဆုံးအပြင်အဆင်မှာ နိုင်ငံတကာချစ်မြတ်နိုးသောအနုပညာရှင် ဂျွန်လန်နွန် လုပ်ကြံခံရပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။

၂၀၁၄၌ ဟောင်ကောင်ရှိ ဒီမိုခရေစီဆန္ဒပြလှုပ်ရှားမှုတွင် အလားတူနံရံတစ်ခု ဟောင်ကောင်ဗဟိုရုံးချုပ်ရှိ လှေကားနားတွင်ပေါ်ပေါက်ခဲ့ပါတယ်။ ပရာ့ဂ်မြိုရှိနံရံအား မှီညမ်း၍ ထောင်ချီသောလူများသည် ကပ်ခွါစာရွက်များ အသုံးပြု၍ ဟောင်ကောင်၏ ဒီမိုခရေစီအနာဂတ်အတွက် ဆုတောင်းစာများရေးကြပါသည်။

ငါးနှစ်အကြာတွင် 2019-20 ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း ကပ်ခွါစာရွက်များနှင့်အတူ အသစ်သစ်များဖြစ်သောမှတ်စုများနှင့် ထပ်တူနံရံကိုထပ်မံဖန်တီးခဲ့သည်။ ရက်အနည်းငယ်အတွင်း Lennon Walls များစွာသည် post-it-note ဟုခေါ်သောဟောင်ကောင်တစ်လျှောက်နေရာအနှံတွင် (遍地開花) ပန်းများကဲ့သိုဆက်ဆက်၍ ဆင့်ကဲဆင့်ကဲပွါး၍ ပွင့်ခဲ့ပါသည်။ Lennon Walls အချိုသည်အစိုးရရုံးများ၌ပင်တည်ရှိသည်။ ဆန္ဒပြပွဲများတလျှောက်ဒေသအတွင်းတစ်ခွင် နံရံပေါင်း ၁၅၀ ကျော်ကျောပေါ်ပေါက်လာပါသည်။

Lennon Walls သည်ဟောင်ကောင်အပြင်ဘက်တွင်တိုရွန်တို၊ ဗန်ကူးဗား၊ Calgary၊ ဆိုးလ်၊ တိုကျို၊ ဘာလင်၊ လန်ဒန်၊ ဆစ်ဒနီ၊ မန်ချက်စတာ၊
မဲလ်ဘုန်း ၊ တိုင်ပေ နှင့် အက်လမ်း တိုတွင် ပြန့်ပွါးခဲ့ပါသည်။

၂၀၂၁ မြန်မာပြည်ဆန္ဒပြပွဲများအစမှာ ရန်ကုန်နှင့်မန္တလေးကဲ့သိုသောမြိုများတွင် အလားတူ ‘အသေးစား’ နံရံများအများအပြားပြန့်နှံခဲ့ပါသည်။

ဒီပရောဂျက်သည် ဒစ်ဂျစ်တဲလ်လန်နွန်နံရံအဖြစ်တည်ရှိရန် ရည်ရွယ်ထားပြီး မည်သူမဆိုသူတိုပြောခြင်သည့် စကားများအား ဒစ်ဂျစ်တဲလ်စာတိုများဖြင့် ဝက်ဘ်စိုက်ပေါ်၌တင်နိုင်ပါသည်။

Leave a note!

Please complete the required fields.

What is a Lennon Wall? Lennon Wall (လန်နွန်  နံရံ )

 ဆိုတာဘာလဲ

Visual Portfolio, Posts & Image Gallery for WordPress
Author Nwe Aye By Nwe Aye
Date 4 months ago
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးမယ့်အချိန်ထိ ငါတို့ မရပ်တန့်ဘူး ငါတို့ လက်မလျှော့ဘူး ငါတို့ အရှုံးမပေးဘူး အရေးတော်ပုံ မုချအောင်ရမည်
Author Hla By Hla
Date 4 months ago
ဒီနွေဦီးမှာ တစ်ဦးတစ်ယောက်မှ တစ်ဖွဲ့တစ်မြို့ နောက်ဆုံး တစ်နိင်လုံး တစ်ကမ္ဘာလုံး ပါဝင်လာဖိုလို့တယ်။ ဘယ်လောက်ပေးဆပ်ရပါစေ ဇွဲမလျာ့ဖို့ လိုတယ်။ ထို့ကြောင့်  ကျွန်တော်တစ်ဦးတစ်ယောက်အနေဖြင့် အသက်စတေး ဘယ်တော့မှဇွဲမလျော့ဘဲ ပါဝင်မည်ဟု သန္နိထန်ပြုပါသည်။
Author Htoo Htoo By Htoo Htoo
Date 4 months ago
ကျွန်မတို့အားလုံး နှလုံးသားရှိတဲ့ လူသားတွေဖြစ်တဲ့အတွက် စိတ်ညစ်တဲ့အခါရှိတယ်။တွေဝေတဲ့အခါ ရှိတယ်။ တစ်စုံတစ်ခုအပေါ် စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့တဲ့စိတ်တွေရှိပါတယ်။ အခု Internet ဆက်သွယ်မှုတွေပါ ပြတ်ကတောက်ကုန်တော့ စိတ်ဓာတ်ကျကုန်ပါတယ်။ တချို့က ဘာဆက်လုပ်ရမှန်းမသိအောင် လမ်းစပျောက်ကုန်ကြပါတယ်။ ဒါပေမယ့် အားမလျော့ကြပါနဲ့။ လုပ်နိုင်တာ လုပ်သင့်တာအားလုံးဆက်လုပ်ကြရအောင်။ အဆက်အသွယ်ခက်ခဲနေကြလည်း ဦးတည်လျှောက်လှမ်းနေတဲ့လမ်းချင်းအတူတူပဲမို့ ကျွန်မတို့ Federal ပြည်ထောင်စုပန်းတိုင်မှာ အားလုံးဆုံကြမယ်။ အရေးတော်ပုံအောင်ရမည်။
Author Wah Wah By Wah Wah
Date 4 months ago
အရှေ့က အသက်ရှင်းသွားတဲ့သူတွေက အရေးတော်ပုံအောင်ချင်လို့လေ ကျန်ခဲ့တဲ့ငါတို့က နိုင်အောင် မတိုက်ပေးနိုင်ရင်ဘတာဝန်မကျေဘူးလေ အဲ့ဒါမို့ အရေးတော်ပုံအောင်ကို အောင်မှရမယ် အဆုံးထိ နိုင်ပွဲထိ တိုက်ကိုတိုက် မှ ရမယ်
Author ခင် By ခင်
Date 4 months ago
စိတ်ဓာတ်မကျပါနဲ့ ။ ခွန်အားတွေဆိုတာ ထုတ်သုံးကြည့်မှ ရှိမှန်းသိရတဲ့အရာပါ။ အခုလိုကာလမှာ စိတ်ဓာတ်ခွန်အားတေ​ွ ကိုယ်စီ ထုတ်သုံးကြမယ်နော ။ အကောင်းအဆိုး အမြဲ ဒွန်တွဲနေတဲ့ လောကကြီးမှာ ဆိုးတာတွေ ပြီးရင် အကောင်းဆုံးတွေ လာတော့မှာပါ ။ ဘယ်သူမှ မရှိရင်တောင် ကိုယ့်အတွက် “ကိုယ်” ရှိပါတယ် ။ တရားသောတိုက်ပွဲကို ဆင်နွှဲနေကြတဲ့ သူရဲကောင်းတွေအားလုံးကို ဘေးရန်ကင်းပါစေ ။ စိတ်ခွန်အားတွေ စီးဆင်းနေပါစေ ။ ဓမ္မကသာ အနိုင်ရပါစေ ။
Author Zuzu By Zuzu
Date 4 months ago
အားလုံးပင်ပန်းနေကြပေမယ့် ဆက်ပြီးအားတင်းထားကြပါ မဝေးတော့တဲ့ အျိခန်ခဏလေးမှာ Gen Zလေးတွေ ယူလာပေးမယ့်ဒီမိုကရေစီ အနာဂတ်ကို GenAlphaလေးတွေလက်ထဲထည့်ပေးကြရအောင်။ အာဏာရှင်စစ်သူပုန်ကို အမြစ်ဖြတ်ချေမှုန်းကြရအောင်။ Gen zလေးတွေကို ကူညီပေးကြတဲ့ Gen X,Y တွေကိုလည်း ဆက်ပြီးကူဘီပေးကြပါ ကျေးဇူးလည်းတင်ရပါတယ် အရေးတော်ပုံ အောင်ရမည်
Author Sabae By Sabae
Date 4 months ago
စိတ်ဓါတ်မကျပါနဲ့ ဘယ်​တော့မှတစ်​ယောက်ထဲမဟုတ်ပါဘူး အားလုံးအတူရှိ​နေပါတယ်​နော်၊ ​နေထွက်လာတဲ့ ရှူခင်းကို အတူကြည့်ရဖို့ အားလုံး​တောင်တတ်​နေကြတာပါ။ ​​တောင်ထိပ်​ရောက်ဖို့ သိပ်မလို​တော့ပါဘူး။ အတူကြိုးစားတတ်ကြမယ်​နော်။ အ​ရေး​တော်ပုံ​အောင်ရမည်။
Date 4 months ago
အားလုံးပင်ပန်းနေမယ်ဆိုတာ သိပါတယ်။ဒီစာရေးတဲ့ကျွန်မကိုယ်တိုင်လည်း ပြည်ပကနေပြီး ကိုယ့်လူမျိုးတွေအတွက် စိတ်ရော လူရောတတ်နိင်တဲ့ဘက်က အမြဲကူညီနိင်သလောက်အစွမ်းကုန်ကူညီနေပါတယ် ။ကျွန်မလည်း လူသားထဲလူသားဆိုတော့ ပင်ပန်းတာတော့အမှန်ပါဘဲ ။ ဒါပေမယ့် ဘယ်လိုအကြောင်းအရာမျိုးကြောင့်ဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ့ ။ ကျွန်မတို့အားလုံးမှာ ကျွန်မတို့ရှိပါတယ် ။ စိတ်ပင်ပန်းလာခဲ့ရင် ကျွန်မကို ရင်လာဖွင့်ပြီး ပြောပြလို့ရပါတယ် ။ ကျွန်မတတ်နိင်သလောက်အတူဖြေရှင်းပေးပါမယ်။ (အလုပ်ကညမှပြီးတဲ့အတွက်ကြောင့်ညဘက်မှစာပြန်လို့ရမယ်နော်) အားလုံးဘဲ fighting!!! အရေးတော်ပုံအောင်ရမည် ။
Author Shoon Le Yee By Shoon Le Yee
Date 4 months ago
အရုဏ်တက်ရင် ရောင်နီလာစမြဲပါနော်.. ခုအရုဏ်တက်ပီ ရောင်နီလာတော့မှာပါ….. အားတင်းထားကြပါနော်… အမေစု ပြောသလို အမှန်တရားကို လုပ်ဆောင်ရတဲ့အခါ အမှားကို လုပ်တာထက် ခက်ခဲပါတယ်တဲ့၊ ဒါပေမဲ့လည်း အမှန်တရားကို ဆက်လက်လုပ်ဆောင်ရမယ်တဲ့..သဘောပေါက်မိသလိုလေး ရေးပြတာပါ…. အဆိုးထဲက အကောင်းက တောင်တန်း၊ ပြည်မ တစ်သားတည်း စည်းလုံးသွားကြပါတယ်.. ဒါကို အားအဖြစ်ယူပီး စစ်အာဏာရှင် အမြစ်ပါတစ်ခါတည်း ပြတ်အောင်တော်လှန် ချေမုန်းကြပါစို့ နော်💪 တစ်ခု ပြောချင်တာက ကျွန်မတို့ ကလေးတွေG Z ကတွေ အရမ်းတော် အရမ်းသတ္တိရှိ အရမ်းအားကိုးရတဲ့ နိုင်ငံ့ အနာဂါတ်ဆိုတာ ပီပီပြင်ပြင်မြင်ရတာပါပဲ…မှင်သတ်လေးစား ဂုဏ်ယူမိပါတယ်…. အရေးတော်ပုံ အောင်ရမည်…
Date 4 months ago
လူဘဝမှာ ရောက်တဲ့နေရာ ရှိတဲ့အရာတွေနဲ့ ကိုယ်တွက်နောင်လာနောင်သားတွေတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ပတ်ဝန်းကျင်ပိုင်ဆိုင်ဖို့ ဒီမိုကရေစီတိုက်ပွဲဝင်ကြစို့ “အရေးတော်ပုံအောင်ရမည်”
Author Ko Nyi By Ko Nyi
Date 4 months ago
ဓမ္မက အဓမ္မကို မုချနိုင်ရမယ်၊ သွားလေသူ အာဇာနည်များရဲ့ ကျန်ရစ်သူများကိုလည်း မမေ့မလျော့ ကူညီထောက်ပံ့ပါမယ်၊ တိုင်းရင်းသားများကိုလည်း ပိုမိုနားလည်ပြီး ဖေးမပါ့မယ်၊ တတ်နိုင်သမျှ ပြည်တွင်းဖြစ်ပဲ သံုးပြီး၊ တရုတ်ပစ္စည်းများနေရာမှာ အစားထိုးပါမယ်။
Author Mo Mo By Mo Mo
Date 4 months ago
ငါတို့မှာ ငါတို့ပဲရှိတယ် စိတ်အားငယ်တဲ့အခါတိုင်း ဒီစာလေးတွေဖတ်ပြီးစိတ်အားတင်းရတယ် နေ့တိုင်း အကြိမ်ကြိမ် အခါခါ ပြိုလဲရပေမယ့် အကြိမ်ကြိမ်အခါခါ ပြန်ထူပေးမယ့်သူတွေရှိတယ်❤️
Author Su Su By Su Su
Date 4 months ago
Drama ရုပ်ရှင်တကားမှာဇာတ်သိမ်းခါနီးလေ လူယုတ်မာတွေဟာအစွမ်းကုန်ယုတ်မာလေ ။နောက်ဆုံးတော့တရားမ‌ျှတချင်းကအနိုင်ရစမြဲပဲလေ။ကျွန်မတို့အောင်ပွဲအရမ်းနီးနေပါပီ။Stay safe all❤️
Author FartyPG By FartyPG
Date 4 months ago
ဒီ‌နွေဦးကမလှပခဲ့ပါဘူးမိတ်ဆွေ။ အားမလျော့ပါနဲ့။ အနိုင်ကမဝေးတော့ပါဘူး။ ကျဆုံးသွားတဲ့အာဇာနည်တွေအတွက်ကျန်နေတဲ့သူတွေကဆက်လက်တိုက်ပွဲဝင်ပြီးတာဝန်ကျေကြရအောင်လားဗျာ။
Author Cathy By Cathy
Date 4 months ago
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အရုဏ်ဦးအချိန်ကစလို့ စိတ်ဒေါသတွေဖြစ်ခဲ့ရတာ ဒီနေ့ထိ အဆင်ပြေမနေသေးပါဘူး။ အမှောင်လွှမ်းတဲ့နေ့တွေရဲ့ ဆိုးကျိုးကို အေးချမ်းတဲ့ရောင်ခြည်ရတဲ့အခါ နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်း ပြောပြနေဦးမှာပါ။ ၂.၄.၂၀၂၁
Author Hlaing By Hlaing
Date 4 months ago
နေဝင်ညကို ကူးဖြတ်ပီးမှ ရောင်နီလာတဲ့နေ့သစ်ကိုရောက်မယ်
Author Myo By Myo
Date 4 months ago
သူရဲကောင်းတွေနေတဲ့ ငါတို့တိုင်းပြည်မှာ အစပြုလာတော့မယ့် နှစ်သစ်နှင့်အတူ နွေဦးပိတောက်တွေ လှိုင်လှိုင်ပွင့်လာတော့မှာဟာ အသေအချာပါ။
Author Tun kyi By Tun kyi
Date 4 months ago
အနိူင်နဲ့ ထိုက်တန်တဲ့ သူရဲကောင်းတို့ရဲ့တိုင်းပြည်။အရေးတော်ပုံအောင်ရမည်။
Author Tint By Tint
Date 4 months ago
ပင်ပန်းနေကြပြီလား အားမလျှော့လိုက်ပါနဲ့နော် သမိုင်းတွင်မဲ့ တော်လှန်ရေးကြီး ရဲ့ အောင်မြင်မှု အသီးအပွင့်တွေ ဝေဆာလာတော့မှာပါ နွေဦးရဲ့ ပန်းလေးတွေနဲ့ အတူ ကြိုဆိုကြလိုက်ကြရအောင်
Date 4 months ago
အားလုံးပင်ပမ်းနေမှာ နားလည်ပါတယ် ဒါပေမယ့် ကျနော်တို့ အားတင်းထားကြရအောင်နော် ခက်ခက်ခဲခဲပွင့်လာမယ် ဒီမိုကရေစီ ကံ့ကော်ပွင့်လေးရဲ့ မွှေးမြမှုကို ထပ်တူခံစားကြရဦးမှာမို့ အားတင်းထားကြပါ။
Author Nu By Nu
Date 4 months ago
အခုတလော အဆင်မပြေဘူး အာဏာရူးတွေကြောင့်စိတ်ဆင်းရဲရတာအပြင် အခြားပြဿနာတွေကြောင့်ပါ စိတ်တွေပင်ပန်းလိုက်တာ..အားလုံးလည်းပင်ပန်းနေကြတာမို့ ဘယ်သူ့မှရင်မဖွင့်တော့ပါဘူး..ပိုပင်ပန်းကုန်မယ် 😢 တော်လှန်ရေးနဲ့မဆိုင်ပေမယ့် စိတ်လေးနည်းနည်းပေါ့လိုပေါ့ငြား စာလေးနဲ့ရင်ဖွင့်ခဲ့ပါတယ် အားလုံးဘေးကင်းကြပါစေ အရေးတော်ပုံအောင်ရမည် 💪
Author Nuam No By Nuam No
Date 4 months ago
Bad days are only temporary. Good days are coming. Don’t lose hope! 😌 🤜🤛
Author Nuam No By Nuam No
Date 4 months ago
သူ့ပွင့်ချိန်တန်လျှင် မဆိုင်းမတွ အချိန်မှီ ပွင့်ဖူးမည်မှာ နွေဦးပန်းသာလျှင် ဖြစ်ပေ၏။ 🌷
Author AyeChanMyae By AyeChanMyae
Date 4 months ago
ရှေးကထက်ပင် ပိုချစ်ကြတဲ့ ပြည်သူတွေ ဘုံရန်သူကို မုန်းလို့ ရင်ဘတ်ချင်းပိုနီးလာတယ်လေ ဆိုတာ က ဒီနွေဦးမှာပါပဲလေ။ ညီညွတ်မှ စည်းလုံး၊ စည်းလုံးမှ ရင်းနှီး၊ ရင်းနှီးမှ ချစ်ခင်၊ ချစ်ခင်မှ ငြိမ်းချမ်း ဆိုတာမို့ ညီညွတ်မှုနဲ့ စခဲ့ကြတာမို့ ငြိမ်းချမ်းတဲ့ ကာလ မကြာတော့ပြီလို့……………….
Author Hlaing By Hlaing
Date 4 months ago
ကျွန်မတို့ပြည်သူ​တွေကို ချစ်လိုက်တာ ဒီမိုက​ရေစီနဲ့ အထိုက်တန်ဆုံးလူသား​တွေ ❤
Author YiSOO By YiSOO
Date 4 months ago
🧗🏻‍♀️‘နာကျင်မှု’ကို ‘ခွန်အား’အဖြစ် ပြန်လည် အသုံးချပြီး စိတ်ရော ကိုယ်ပါ ပို သန်မာအောင် ကြိုးစားကြစို့💪🏻🧘🏻‍♀️
Author Myo Myo By Myo Myo
Date 4 months ago
အမှန်တရားကို လိုလားတဲ့သူတွေအတွက် ရောင်နီလာတဲ့နေ့သစ်ဆိုတာ သေချာပေါက်ရောက်လာမှာပါ။ အားတင်းထားရအောင်နော်။
Author Taw Thar By Taw Thar
Date 4 months ago
နောက်မျိုးဆက်တွေ စစ်ထဲမဝင်ရအောင် စစ်သား / စစ်ဗိုလ် / စစ်တပ်နဲ့ မပတ်သက်ရအောင် နာကြည်းတတ်အောင် မိဘတွေ အနေနဲ့ သားသမီးတွေ စိတ်ထဲ ရိုက်သွင်းထားရမှာ ဖြစ်ပါတယ်။ မိမဆုံးမ ဖမဆုံးမတွေကနေ စစ်ခွေးအသွင် ပြောင်းလာတာမို့ ပုံပြင်စာအုပ် ဖတ်ပြသလိုမျိုး နေ့တိုင်း ပြောပြနေဖို့ လိုပါတယ်။
Author Sawa Pudding By Sawa Pudding
Date 4 months ago
Thank you soo much to everyone fighting for Freedom & Democracy back home, I love and respect all of you. I am not there to fight beside side you but I am still fighting with you all the way from Melbourne, Australia. I see your herorism everyday on social media and know the great pain and trauma you’re all suffering. The world is a dark place but the stars don’t make it seem so dark. We are like the stars right now, shining from everywhere around the world, lighting up this dark place. And together we will bring the light to Myanmar 🌟💖
Author Ye ye By Ye ye
Date 4 months ago
ဒီနွေဦး ဟာ ခါတိုင်းထက်ပိုပူလောင်စရာတွေကိုယ်စီနဲ့ ဖြစ်နေကြမယ်ဆိုတာ သေချာပါတယ် ကိုယ်ချစ်ရတဲ့သူတွေအတွက်ပူပင်ရခြင်းတွေ တိုင်းပြည်နဲ့အနာဂတ် တွေအတွက် ကြိုးစားတွန်လှန်ကြရင်းနဲ့ ဖြတ်သန်းကြရတဲ့အချိန် စိတ်တွေ နိမ့်လိုက်မြင့်လိုက် ကျလိုက်ဖြစ်နေကြမယ်လို့ ထင်ပါတယ် ကိုယ်တိုင်လည်း ဖြစ်ပါတယ် ဇွဲ့လုံ့လဝိရယစည်းလုံးညီညွှတ်မှုတွေ မလျော့ကျပဲ စိတ်ကို အမြင့်ဆုံးမှာထားပီး motivation အပြည့် ခွန်အားအပြည့်နဲ့ တိုင်းပြည် နဲ့ကိုယ်ချစ်ရတဲ့ အတွက် တူတူကြိုးစားကြမယ်နော် We must win အားတင်းထားကြပါနော်
Author Wint By Wint
Date 4 months ago
Our days are long and tiring, our nights are full of terror and sleeplessness, but we will persist. This is a one way journey and our destination is a federal democratic country. We will fight through the darkest times together. I believe we will be able to celebrate our win sooner than later. Sending warmest hugs and prayers to everyone ❤️
Author Kan By Kan
Date 4 months ago
Dear everyone, we understand your pain and are watching you everyday, we are praying for you so please at least stay safe and be proud of yourself for doing the right things. I stay with you and so do a lot of people from overseas. Love from Vietnam. I pray for you. P.s : Please eat 3 meals a day and keep yourself hydrated no matter what you do.